Monday, August 10, 2015

ရေအိုးစင်

တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားနေရင်းနဲ့ ရေအိုးစင်တစ်ခုကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရေခပ်သောက်ဖို့ ရေအိုးအဖုံးကိုဖွင့်လိုက်တယ်။ ရေအိုးထဲမှာရေတစ်စက်မှရှိမနေတာကိုမြင်တဲ့အခါမှာ ဒေါသတကြီးနဲ့ဆဲရေးတိုင်းထွာပြီး ထွက်သွားတယ်။ လူတစ်ယောက်ရောက်လာပြန်တယ် ရေအိုးထဲမှာ ရေမရှိတာကို တွေ့တဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်ထွက်သွားတယ်။ နောက်လူတစ်ယောက်ရောက်လာတယ် ရေခပ်သောက်ဖို့အဖုံးဖွင့် လိုက်တဲ့အခါ ရေရှိမနေတာကိုတွေ့သွားတယ်။ ဒါနဲ့ဘေးဘယ်ညာကြည့်လိုက်တော့ ရေတွင်းတစ်တွင်းတွေ့သွားတယ် အဲဒါနဲ့ ရေတွင်းကိုသွား သူဘာသာ ဝအောင်သောက်ပြီး ထွက်သွားသတဲ့။ နောက်ထပ်လူတစ်ယောက်ရောက်လာတယ် ရေအိုးထဲမှာရေမရှိတာကိုတွေ့သွားတယ်။ ဘေးနားတစ်ဝိုက်ကြည့်လိုက်တဲ့အခါ ရေတွင်းနဲ့ရေပုံးတွေ့တယ် ဒါနဲ့ရေတွင်းဆီသွား ပုံးနဲ့ရေခပ်ပြီးတော့ ရေအိုးထဲဖြည့်လိုက်တယ် သူကိုယ်တိုင်လဲ အဝသောက်ပြီးဆက်လက်ထွက်ခွာသွားတယ်။ ပထမလူ ဒုတိယလူ တတိယလူ စတုတ္ထလူ * ပထမလူအမျိုးအစားက ခွေးအတွေနဲ့တူတယ်။ သူတို့တွေဟာ ရေရေရာရာနားလည်သဘောပေါက်အောင် မကြိုးစားဘဲ နည်းလမ်းကိုမရှာဘဲ အချောင်လိုချင်တတ်တယ်။ အလွယ်တကူလက်လျှောအရှုံးပေးတတ်တဲ့အပြင် သူအောင်မြင်အောင်မလုပ်နိုင်တဲ့ အရာကို အခြားသူပါ မလုပ်နိုင်ဘူးလို့ အထင်ရှိပြီး အခြားလူတွေရဲ့အောင်မြင်မှုကိုပါ ပိတ်ပင်တားဆီးတတ်ပါတယ်။ အကုသိုလ် အင်မတန်ကြီးတဲ့ အမျိုးအစားပေါ့။ အဲ့ဒီလိုလူတွေရဲ့ပါးစပ်ဖျားမှာ စိတ်ဓာတ်မခိုင်မာသူတွေ ဟာလမ်းဆုံးသွားတတ်ကြတယ်။ * ဒုတိယအမျိုးအစားကတော့ သိုးလေးတွေပေါ့ မျှော်လင့်ချက်နဲ့ရောက်လာပြီး အစွမ်းအစကလဲမရှိ ရှိအောင်လဲမလုပ် အချောင်မရတဲ့အခါ တိတ်တိတ်လေးပြန်ထွက်သွားကြတယ်။ တစ်ချို့ ခွေးအတွေစားတာခံလိုက်ရတယ်။ * တတိယလူက ? * စတုတ္ထလူက ?

No comments: